Tuesday, March 4, 2014

Y511-T00 firmware နှင့် တင်နည်း

Y511-T00  ဖုန်းတွေမှာ မြန်မာစာအဆင်မပြေတာကြောင့် မြန်မာစာစမ်းရင်း ဖမ်းဝဲပြန်မတက်တာတွေ ကြုံတာများနေကြပါပြီ… ကျွန်တော်လည်းအပါအ၀င်ပေါ့… အခုအဲဒီကောင်အတွက် ကျွန်တော်အဆင်ပြေလို့ တင်နည်းကိုပြန်လည်မျှဝေလိုက်ပါတယ်........
  Y511-T00 firmware ကိုအေက်မျာဒေါင်းလိုက်ပါ။


ဒေါင်းလို့ပြီးပြီဆိုရင် ရလာတဲ့ rar ဖိုင်ကိုဖြည်လိုက်ပါ။ ဖိုဒါတစ်ခုရပါမယ်.. အဲ့ဖိုဒါကိုထပ်ဖွင့်လိုက်ပါ။ အထဲက dload ဆိုတဲ့ဖိုဒါကို ကော်ပီယူပြီး format ရိုက်ထားတဲ့ sd ကဒ်ထဲကို ကူးထဲ့လိုက်ပါ။ dload ဆိုတဲ့ ဖိုဒါထဲမှာ update.zip ပါပါတယ်..အဲဒါကိုသပ်သပ်ခွဲထုတ်စရာမလိုပါဘူးမေ့ထားလိုက် dload ဆိုတဲ့ကောင်ကိုသာ Card ထဲပစ်ထည့်လိုက်...ပြီးရင်တော့ ဖုန်းကို Recovery ၀င်ပြီးတင်ရမှာပါ။   recovery ၀င်ဖို့ကတော့ power ကို ခဏဖိထားပါ... တစ်ချက် တုန်သွားပြီဆိုရင် လွှတ်ပြီး vol up + vol down နှစ်ခုကို စုံနှိပ်ပေးထားပါ... recovery ကိုဝင်သွားပါလိမ့်မယ်..
recovery ကနေ Install update from external card ဆိုတာကိုနှိပ်လိုက်ပါ ဒါဆိုရင် သူဟာသူ Install လုပ်ပြီး...ပြီးသွားရင် Restart ကျသွားပါလိမ့်မယ်။ ပြန်တက်လာရင်အဆင်ပြေပါပြီ။
မှတ်ချက်။ ။ မှားမှာစိုးလို့ Card ထဲကို dload ဆိုတဲ့ folder လိုက်ထည့်ရမှာနော်
 

No comments:

Post a Comment