Monday, March 17, 2014

Website များ Facebook Page များကို ကိုယ်ပိုင် Apk လုပ်နည်း







  • ကျ​နော်​တို့ အနေ​နဲ့ ဒီ နည်း​စနစ်​ကို​သုံး​ပြီး မိမိ​ရဲ့ ကိုယ်​ပိုင် Website ကို​သော်လည်းကောင်း၊ ဒါ​မှ​မဟုတ် မိမိ ကြည့်​ရှု​လေ့​ရှိ​တဲ့ Website တွေ၊ ကို​သော်လည်းကောင်း ဖန်တီး​ထား​နိုင်​ပါ​တယ်။



  • ဒီ​လို ဖန်တီး ဖို့ အတွက် ကျ​နော်​တို့ သုံး​ချင်​တဲ့ Icon တွေ၊ နောက်​ခံ​ပုံ​တွေ​ကို သက်ဆိုင်​ရာ Website အလိုက် ၊ Link အလိုက် လိုက်​ဖက်​ညီ​အောင် ကြိုတင်​ပြီး သက်ဆိုင်​ရာ​ဆို​ဒ်​များ​မှာ ဒေါင်း​ယူထား​ပေါ့​ဗျာ
  • ပထမဆုံး ဒီ​လင့်​မှာ ဝင်​ရောက်​ပြီး Sign Up လုပ်​လိုက်​ပါ။ ပြီး​ရင် မိမိ Sign Up လုပ်​လိုက်​တဲ့ Gmail အ​ကော​င့်​ကို​ဝင်​ပြီး Acivation Comfirm လုပ်​ပေးလိုက်​ရင် ကျ​နော်​တို့ စတင်​ပြီး ကိုယ်​ပိုင် Android Application တွေ၊ Windows Phone Appliacation တွေ​ကို စတင်​ဖန်တီး​လို့​ရ​ပါ​ပြီ။
  • ကျ​နော် စမ်းသပ်​ကြည့်​သ​လောက်​တော့ မိမိ​တို့ အ​မြဲ​လေ့​လာ​ကြည့်​ရှု​လေ့ ရှိ​တဲ့ Website တွေ၊ Facebook Page တွေ​ကို Application တစ်​ခု​တည်း​မှာ​ပဲ စုစည်း​ပြီး ဖန်တီး​ထား​လို့​လည်း ရ​ပါ​တယ်။ ကိုယ်တိုင် စမ်းသပ်​ရင်း​နဲ့ မိမိ​စိတ်​ကြိုက်​ဖန်တီး​ကြည့်​လိုက်​ပါ။ ကျ​နော်​အနေ​နဲ့​က တော့ ဒီ​ပို့​စ်​မှာ အ​ညွှန်း​သဘော​လောက်​ပဲ တင်ပြ​ပေး​သွား​မှာ​ပါ။ Free Android Apk ဖန်တီး​ခြင်း​ပဲ ဖြစ်​ပါ​တယ်။ မိမိ​အနေ​နဲ့ Premium ဖန်တီး​ချင်​ရင်​လည်း အဆင်​ပြေ​ပါ​တယ်​ခင်ဗျား…..
  • အခြား ဖန်တီး​လို့​ရ​တဲ့ လင့်​လေး ရှိ​ပါ​သေး​တယ်။ ဒီ​မှာ ဝင်​ရောက်​ကြည့်​လိုက်​ပါ။ ကျ​နော်​က တော့ ပထမ လင့်​ကို​ပဲ သုံး​ပြီး တင်ပြ​ပေး​သွား​မှာ​ပါ။အောက်​ပါ​ပုံ​ကတော့ ပထမ​ဆုံး လုပ်ဆောင်​ပေး​ရ​မယ့် မြင်​ကွင်း​ဖြစ်​ပါ​တယ်။Create new ကို​နှိပ်​လိုက်​ပါ။

  • 1

    Enter Facebook or site ဆို​တဲ့​နေ​ရ​မှာ မိမိ​နှစ်သက်​ရာ Link ကို Copy ယူ​ပြီး​ထည့်​လိုက်​ပါ။
    2

    ဒီ​ပုံ​ကတော့ ကျ​နော် န​မူ​နာ လုပ်​ပြ​ပေး​ထား​တာ​ပါ။
    Category မှာ Everyone ကို​ပဲ​ရွေး​ပေး​တာ အကောင်း​ဆုံး​ပါ။
    3
    အဆင်သင့်​ဖြစ်​ရင် Go Mobile ဆို​တာ နှိပ်​လိုက်​ပါ​က အောက်​ပါ​ပုံ​အတိုင်း တွေ့​ရ​ပါ​မယ်။ ခဏ​စောင့်​လိုက်​ပါ။
    4
    ဒါ​ဆို​ရင်​တော့ ဒီ​ပုံ​အတိုင်း တွေ့​ရ​ပါ​မယ်။ Untitled ဆို​ပြီး​တွေ့​ရ​ပါ​မယ်။ ပြန်​ပြင်​လို့​ရ​ပါ​တယ်။ အရ​င်​ဆုံး​လေ့​လာ​ကြည့်ပါ။
    5
    အောက်​ပါ​ပုံ​ကတော့ Facebook Page ရဲ့ Link ထည့်​ပုံ​ဖြစ်​ပါ​တယ်။
     မိမိ​ထည့်​ချင်​တဲ့ FB Link ကို Copy ယူ​လိုက်​ပြီး မျှား​ပြ​ထား​တဲ့​နေရာ​မှာ Paste လုပ်​လိုက်​ပါ။ လင့်​အ​ပြည့်​အစုံ​က ပုံ​အတိုင်း ပြောင်း​သွား​မှာ​ပါ။
    11
    အောက်​ပါ​ပုံ​အတိုင်း ဆက်​လုပ်​ပါ။ 1.2.3 တွေ​ကတော့ Theme. Background နဲ့ Navigation တွေ​ပါ​ပဲ။ တ​ခု​ချင်း​စီ​အတွက်​မိမိ​နှစ်သက်​ရာ​ရွေး​ပေးလိုက်​ပါ။ Background အတွက် ကိုယ်တိုင် Upload တင်​ပြီး​လည်း သုံး​နိုင်​ပါ​တယ်။
    6
    .............................
    9
    ကျ​နော်​တို့ ပုံ (၅) မှာ တွေ့​ရ​တဲ့ Untitled ဆို​တာ ဒီ​နေ​ရ​မှာ ပြင်​မှာ​ပါ။ icon နဲ့ Splash Screen ကို မိမိ​စိတ်​ကြိုက် upload တင်​ပြီး​သုံး​နိုင်​ပါ​တယ်။
    7
    အောက်​ပါ​ပုံ​ကတော့ Icon နဲ့ Splash Screen ကို ကျ​နော် Upload လုပ်​ပြီး သုံး​ထား​တဲ့​ပုံ​ပါ။
    8
    ဒီ​ပုံ​ကတော့ Add more pages ဆို​တဲ့ Tab ထဲ​က​နေ မိမိ​ထည့်​သွင်း​ချင်​ရာ Icon ကို​နှိပ်​ပြီး နာမည်​ပေးလိုက်​ပါ။ Additional Page မှာ​လည်း Custom အနေ​နဲ့ စိတ်​ကြိုက်​ထည့်​သွင်း​လို့​လည်း ရ​ပါ​တယ်။
    12
    ဒီ​ပုံ​ကတော့ န​မူ​နာ Page တွေ၊ Link တွေ​ထည့်​ပြ​ပေး​ထား​တဲ့ ပုံ​ပါ။
    13
    မိမိ​စိတ်​ကြိုက် ထည့်​သွင်း​ပြီး​သွား​ရင်​တော့ Generate ဆို​တဲ့ Tab ကို​နှိပ်​ပေး​နိုင်​ပါ​ပြီ။
    14
    ဒါ​ဆို​ရင်​တော့ ကျ​နော်​တို့ apk တစ်​ခု​ကို ဒေါင်း​ပြီး စမ်းသပ်​သုံးစွဲ​ကြည့်​လို့​ရ​နိုင်​တဲ့ အဆင့်​ပဲ ဖြစ်​ပါ​တယ်။ Download file ကို​နှိပ်​ပြီး ဖုန်း​ပေါ်​မှာ သုံးစွဲ​ကြည့်​လိုက်​ပါ။
    15
    ကျ​နော်​အနေ​နဲ့ အ​ညွ​န်း​လောက်​ပဲ ပြ​ပေး​ထား​တာ ဖြစ်​တဲ့​အတွက် မိမိ​စိတ်​ကြိုက် စမ်းသပ်​ပြီး လုပ်​ကြည့်ပါ​ဗျာ…. 

    1 comment:

    1. I admit that there was a little mix-up during the deliverance of the final files and that caused a little delay in the end, but otherwise the service and the design was flawless. We had hired a designer before stumbling upon your website, and we had wasted quite a bit of money only to end up with a moderate design, so we were quite pleased after working with you and receiving the end product. After seeing your reviews and some of your previous work, we realized that you will deliver professional custom logos at an affordable price and decided to take a gamble and we are quite happy to have done that!
      affordable logo design

      ReplyDelete